တာချီလိတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန် နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းတို့သည် အရှည် ငါးမိုင်ရှိ တာချီလိတ် - မိုင်းဆတ်လမ်း (ဆန်ဆိုင်းမြို့ပတ်လမ်း)အား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မယ်ဆိုင်ချောင်းကူးတံတားအား အရှည်ပေ ၈၀ ရှိ သံပေါင်ဘေလီ တံတားဖြင့် ပြန်လည်တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ကို ကြည့်ရှုစစ်ဆေးရာ တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက တင်ပြခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်