Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သား-စံပါယ်တောလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေးကြည့်ရှု


26 Feb,2025

မြစ်သား ဖေဖော်ဝါရီ ၂၅

            မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (မြစ်သား – စံပါယ်တောလမ်း) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းဝါ၊ မြို့နယ်တာဝန်ခံ ဒေါ်ခွာညိုဇင်အဖွဲ့နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက မြစ်သား-စံပါယ်တောလမ်း ကတ္တရာလမ်း (၀/၃) မိုင် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

          လမ်းအရှည် (၀/၃) မိုင်၊ အကျယ်(၁၂) ပေ၊ ဒု (၁၅) လက်မရှိ အဆိုပါကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၁၇ ဒသမ ၁၅ သန်းဖြင့် နေဝန်းလ်ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်