Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တံတားဦးမြို့နယ် ကျေးလက်လမ်းများအား ပြုပြင်ဆောင်ရွက်


26 Feb,2025

တံတားဦး ဖေဖော်ဝါရီ ၂၅

        မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု (လမ်းပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သားများဘ ကျေးရွာအဝင်လမ်း (0km-2km)အတွင်း လမ်းတာပေါင်ပျက်စီးသော အပိုင်းများအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကို ဖေဖော်ဝါရီ ၂၄ ရက်က တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးစဉ် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းများရေရှည်တည်တံ့ခိုင်မာရေး၊ လုပ်ငန်းများ စနစ်တကျ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး မှာကြားခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်