နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီအထွေထွေပိုလျှံရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဇေယျာသီရိမြို့နယ် ညောင်ပင်ကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပြုပြင်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ညောင်ပင်ကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
ညောင်ပင်ကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၃၈၇၅ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထုရိစာခင်းခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီအထွေထွေပိုလျှံ ခွင့်ပြုရန်ပုံငွေကျပ် ၃၃ ဒသမ ၃ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇန်နဝါရီလ စတုတ္ထယအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၆၀ အိမ်၊ လူဦးရေ ၁၀၁၀ ဦး တို့၏ စိုက်ပျိုးမြေဧက ၁၆၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်