Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း


26 Feb,2025

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးသမဝါယမဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းနှင့် ဌာနမှတာဝန်ရှိသူများ၊ အမှုဆောင်များက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြည့်ဖြိုးအောင်ရောင်းဝယ်ရေးသမဝါယမအသင်းမှ အသင်းသားများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဆက်လက်၍ သဲကျွန်းကျေးရွာ၊ ရေပြည့်ကျေးရွာ၊ ကြည်လျှာကျေးရွာနှင့် ညောင်ရွာ ကျေးရွာများရှိ သမဝါယမအသင်းများမှ အမှုဆောင်များနှင့် အသင်းသားများအား တွေ့ဆုံ ပြီး  ရုရှားသဘာဝရွက်ဖြန်းဆေး ပက်ဖျန်းခြင်းဖြင့် မြေအကျိုးပြုပုံများ၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတွင် တက်ရောက်ရန် လိုအပ်သည့် အချက်အလက် များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်