Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံနှင့်မြို့သစ်မြို့နယ်များရှိ သမဝါယမအသင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


26 Feb,2025

မကွေး ဖေဖော်ဝါရီ ၂၆

               မကွေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်မိမိတာရီထွန်းနှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် အတွင်းရှိ ရဲဘော်ဟောင်းကျေးရွာ၊    ရဲဘော်ဟောင်း စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ မြို့လှကျေးရွာ၊ မြို့လှစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယ မအသင်း၊  ရွာမထုံးကျေးရွာ၊ ရွာမထုံး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ရေဘော်ကျေးရွာ၊ ရေဘော်စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းနှင့် မြို့သစ်မြို့နယ်အတွင်းရှိ မြို့နယ်သမဝါယမအသင်းစုပိုင်ဆန်စက်၊ တယ်ပင်စမ်း ကျေးရွာ၊ ရွှေပင်စမ်းလယ်ယာနှင့်အထွေထွေသမဝါယမအသင်းနှင့် ငါးလုံးဖိုကျေးရွာ၊ အောင်ဖြိုးဝေ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းများသို့ ကွင်းဆင်း၍ အသင်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုများနှင့် လိုအပ်သည်များကို မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်