Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒီဂျစ်တယ် အသိပညာ ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်လှစ်


21 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၂၀

          ဒီဂျစ်တယ် အသိပညာ ၊ ခံယူချက် နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ နည်းပညာပေးစင်တာ၌ ကျင်းပရာ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားသည်။

         ယခုဖွင့်လှစ်သော သင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များအနေဖြင့် Online စနစ်မှတ်ပုံတင်များရောင်းချရာတွင် ဆောင်ရန် ၊ ရှောင်ရန်နည်းလမ်းများ၊ Online Sales မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်း၊ Digital Literacy And Digital Transformation In MSMEs နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ရာတွင် လိုက်နာဆောက်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ ဌာနမှ ရေးဆွဲထားသည့် e-Commerce website ဝင်ရောက်ပုံနှင့် အသုံးပြုနည်းများကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်သည်။

        အဆိုပါသင်တန်းသို့ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင် ၂၀ ဦး တတ်ရောက်ကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်