Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


17 Feb,2025

ပူတာအို ဖေဖော်ဝါရီ ၁၆

            ကချင်ပြည်နယ် ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းများအား ဖေဖော်ဝါရီ ၁၁ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

            ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းသန့်အောင်သည် တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေပိုလျှံ ရန်ပုံငွေ(GRF) ငွေကျပ် ၁၉၈ သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် မာမဲ့ရှီးဒီကျေးရွာနှင့် အောက်ဆန်ဂေါင် ကျေးရွာချင်းဆက်လမ်းအရှည် ခြောက်ဖာလုံနှင့် အကျယ် ၁၈ ပေ သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) ငွေကျပ် ၉၉ ဒသမ ၁ သန်းဖြင့် ပူတာအိုမြို့နယ် မာမဲ့ရှီးဒီကျေးရွာအဝင် မာမဲ့ချောင်းကူးသစ်သားတံတားအရှည် ပေ ၁၂၀၊ အကျယ် ၁၄ ပေရှိ သစ်သားတံတားဆောက်လုပ်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) ငွေကျပ် ၈၅ သန်း ဖြင့် မချမ်းဘောမြို့နယ် ကောင်းမှုလုံ - မန်နို - ပန်ဆပ်လမ်းပေါ်ရှိ နမ်ကတောက် ချောင်းကူး ကြိုးတံတားအရှည် ၁၉၅ ပေ နှင့် အကျယ်ငါးပေ ဆောက်လုပ်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေ အနေများကို ကွင်းဆင်းစစ်ဆေးသည်။

ပူတာအို(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်