Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မှော်ဘီမြို့နယ်၌ ဝါးနက်ချောင်း-သရက်သုံးပင်-ရွှေပြည် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်


17 Feb,2025

မှော်ဘီ ဖေဖော်ဝါရီ ၁၆

          ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ( ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော မှော်ဘီမြို့နယ် ဝါးနက်ချောင်း- သရက်သုံးပင်- ရွှေပြည် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

            ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ Arkhitekton ကုမ္ပဏီမှတာဝန်ရှိသူ ဦးမိုးသော်ဦးတို့က ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုခဲ့ကြသည်။

           အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည်ပေ ၅၂၈၀၊ ဒု ခုနစ်လက်မ၊ အကျယ် ၁၂ ပေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၄၂၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်