Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်မြို့နယ်သမဝါယမအသင်းစုလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်


12 Sep,2022

မော်လမြိုင်၊ စက်တင်ဘာလ ၁၁      

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်နှင့် ၂၀၂၁-၂၀၂၂ Mini Budget တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မော်လမြိုင်မြို့၊ ဖက်တန်းနယ်မြေ၊ ဘာဘူဝင်းရှိ အသင်းစုရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် ပြည်နယ်သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မော်လမြိုင်မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှ အမှုဆောင်ကော်မတီအဖွဲ့ဝင်များနှင့်ဝန်ထမ်းများ၊ အခြေခံအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဉက္ကဋ္ဌဦးတင်ထွန်းက ဆောင်ရွက်ခဲ့ပြီး၊ သဘာပတိ နှင့် ပြည်နယ်သမဝါယမဦးစီးမှူးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး   ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဆွေးနွေးသဘော တူညီချက်ရယူကာ အတည်ပြုခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm