Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ အစီအစဉ်ဖြင့် Bakery and Sneck အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


18 Feb,2025

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ပြုလုပ်သည့် စိုက်ပျိုးကုန်ကြမ်းသီးနှံအခြေခံ Bakery and Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်အောင် အတူတကွ ဆောင်ရွက်နေသည့် ပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ယခု မဲခေါင်-လန်ချန်း စီမံကိန်းသည် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကုန်ထုတ်စွမ်းအား၊ စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ပေးရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်တို့အတွက် ရည်ရွယ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို လေ့လာကြည့်ပါက နိုင်ငံ၏ အခြေခံကျောရိုးဖြစ်သည့် အသေးစား၊ အငယ်စား ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်သည် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေပြီး လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာန အနေဖြင့်လည်း အသေးစားစီးပွားရေးကုန်ထုတ်လုပ်ငန်း များ ပေါ်ထွန်းလာစေရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ နည်းပညာပေး ခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း နှင့် ဓာတ်ခွဲစမ်းသပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ သင်တန်းသာများသည်လည်း ယခုသင်တန်းမှ သင်ကြားပေးမည့် ပညာရပ်များကို အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိတို့ ထုတ်လုပ်မည့် ထုတ်ကုန်များ၏ အရည်သွေးမြင့်မားအောင် လုပ်ဆောင်မှသာ ဈေးကွက်ရရှိမှု လွယ်ကူမည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းပြောြကားခဲ့ပါ သည်။

          ယခု ဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား (၁၅)ဦးတို့အား ဈေးကွက်ဝင်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို ဖော်ဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၇)ကြာ စနစ်တကျ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည့်အပြင် ထုပ်ပိုးမှု ဆိုင်ရာနည်းပညာများနှင့် စားသောက် ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်း ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်