Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ်၌ လိပ်ဥချောင်း-ထောင်ဖီး-ဘလက်တော ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်း


18 Feb,2025

ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၇

        တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စုရှိ လိပ်ဥချောင်း-ထောင်ဖီး-ဘလက်တောလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကော့သောင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရိန်ထွန်း၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

           အဆိုပါ လိပ်ဥချောင်း- ထောင်ဖီး - ဘလက်တောလမ်း (၅/၀)မိုင်ရှိသည့်အနက်မှ (၁/၀-၁/၅)ကြား ကျောက်ချောလမ်းခင်းခြင်းကို ၂၀၂၄- ၂ဝ၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၃ ဒသမ ၉၂၅ သန်းဖြင့် အရှည် (၀/၅) မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ခြောက်လက်မ ကျောက်ချောလမ်းခင်းခြင်း၊ ဒု သုံးလက်မ အပွန်းခံလွှာခင်းခြင်း၊ အမာခံ လမ်းပခုံး ခင်းခြင်းလုပ်ငန်းကို လုပ်ငန်းတင်ဒါစနစ်ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်