ခရမ်း ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းသည် ဖေဖော်ဝါရီ ၁၇ ရက်က ခရမ်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ခရမ်း-တီတွတ် ဆက်သွယ်ရေး ကျောက်ချောခင်းခြင်း၊ ခရမ်း-ရေကျော်လမ်းမကြီးမှ ရေကျော်ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးမြတ်မွန်၊ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်းနှင့်အဖွဲ့၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အိအိထွေး၊ တင်ဒါအောင်မြင်သည့် ဇော်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။
ခရမ်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်