နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီသော နည်းပြများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ(TဝT)သင်တန်း အမှတ်စဉ် (၂/၂၀၂၅) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားရေးများအတွက် Vocational Training သင်တန်းများ အပြင် ဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝင်ငွေတိုးစီမံကိန်း သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်တော်ဆိုင်ကယ်အများအပြားသည် မြို့ပြများတွင်သာ မက ကျေးလက်ဒေသများ၌ပါ လမ်းပန်းဆက်သွယ်ရေးအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေ ကြပြီး အိမ်တိုင်းတွင် အနည်းဆုံး (၁)စီး စီ ရှိနေကြပါကြောင်း၊ အသုံးပြုမှုများသည့် စက်၊ ယာဉ်များ သည် ကြာလာသည်နှင့်အမျှ ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပြီး ပြုပြင်ထိန်းသိမ်းမှုများလုပ်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားမည်ဆိုပါက စက်မှုစက်ပြင်ပိုင်းဆိုင်ရာ အလုပ် အကိုင်တစ်ခုကို ထူထောင်နိုင်မည်ဖြစ်သောကြောင့် ယခုသင်တန်းသည်များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းကို ကျေးလက်နေပြည်သူများသို့ ပြန်လည်ပို့ချပေးမည့် သင်တန်းသားများ အနေဖြင့်လည်း သင်တန်းမှ သင်ကြားပေးလိုက်သည့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာရပ်များကို စာတွေ့ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် သင်ကြား ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယခု ဖွင့်လှစ်သော သင်တန်းတွင် ရုံးချုပ်မှ ဝန်ထမ်း(၄)ဦး၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ နှင့် ခရိုင်ရုံးများမှ ဝန်ထမ်းသစ် (၁၅)ဦးတို့အား မော်တော်ဆိုင်ကယ်တစ်စီးတွင် တပ်ဆင်အသုံးပြုထား သော အင်ဂျင်၏အလုပ်လုပ်ပုံများ၊ အစိတ်အပိုင်းတစ်ခုချင်းစီ၏ အလုပ်လုပ်ပုံများ၊ ဂီယာဘောက်နှင့် ကလပ်ချိတ်ဆက်မှုနှင့် မီးပေးစနစ်စသည့် ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန် အတွက် ဌာနရှိ နည်းပြများမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ (၁၄) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်