သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၁.၂.၂၀၂၅)နေ့၊ နံနက်(၉း၃၀)နာရီတွင် တက္ကသိုလ်တည်ထောင်သည့်(၁၃)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ဒုတိယပိုင်း အစီအစဉ် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံ/သင်တန်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနများတို့မှ ပါမောက္ခဌာနမှူးများ၊ ဌာနမှူးများ၊ ဆရာ/မများနှင့် ဝန်ထမ်းများ၊ တက္ကသိုလ် ဂုဏ်ထူးဆောင် နာယက သုဓမ္မမဏိဇောတဓရဦးအောင်ကြီး၊ ပညာရေးမိသားစုအသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့် စစ်ကိုင်းမြို့တော် ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက်ပါမောက္ခချုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “တက္ကသိုလ် အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆရာ/ဆရာမ၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးပျော်ရွှင်စွာ ဆောင်ရွက်သွားနိုင်ရန်၊ တက္ကသိုလ်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊ ယခုအခါတွင် အမှုထမ်း (၁၄၃)ဦး၊ အရာထမ်း (၁၂၅)ဦး စုစုပေါင်း (၂၆၈)ဦး ရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း (၁၃၇၃)ဦး တက်ရောက် ပညာသင်ကြားနေကြောင်း၊ အဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်လည်း စုစုပေါင်း (၂၄၆)ဦးကို ဘွဲ့ပေးအပ်ခဲ့ကြောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် Korea Myanmar Research Association (KOMYRA) တို့အကြား နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ် ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ Sunchon National University နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးထားကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ (National Tomsk State University -TSU)နှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသတွင်းအလုပ်အကိုင်ရရှိရေး၊ သင်ကြားသင်ယူမှု မြင့်မားစေရေးတို့ အတွက် HRD သင်တန်းများအား ဖွင့်လှစ်ခဲ့ရာ ယခု 2nd Batch တွင် MAR (၄၇)ဦး၊ MPA (၁၄၈)ဦး နှင့် MBA (၁၅၅)ဦးကို LMS (online) စနစ်ဖြင့် ဖွင့်လှစ်ပေးလျက်ရှိပြီး 3rd Batch အား ဖွင့်လှစ်ရန် ကြော်ငြာထားပြီး ဖြစ်ကြောင်း၊ မကြာမီမှာလည်း ပါရဂူတန်းများ ပေးအပ်နိုင်သည် အထိ ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် စားသုံးဆီများကို (၁၁.၉.၂၀၂၃) ရက်နေ့မှစ၍ တစ်ပိသာလျှင် (၅၇၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ရာတွင် (၈)ကြိမ်ခန့်ရှိပြီးဖြစ်ပြီး ဆီပိသာချိန်ပေါင်း (၅၁၀၇)ပိသာ ကိုရောင်းချပေးခဲ့ကြောင်း၊ ဝန်ထမ်းများအတွက် HRD Programများ အနေဖြင့် ဆရာ/ဆရာမ၊ ဝန်ထမ်း(၂၇၄)ဦးအား ဆန်(၂၇၄)ပြည်နှင့် ဆီ(၁၃၇)ပိသာ လှူဒါန်းခဲ့ပြီးကြောင်း၊ မိမိသည် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့မှစ၍ ဒုတိယပါမောက္ခချုပ် (သင်ကြား)အနေဖြင့် ရောက်ရှိခဲ့ပြီး (၂၅-၅-၂၀၁၇)မှ (၂၅-၉-၂၀၁၈)ထိ ခေတ္တပါမောက္ခချုပ်၊ (၂၆-၉-၂၀၁၈) မှ ယနေ့ထိ ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ဘွဲ့ရကျောင်းသား( ၂၉၄၅) ယောက်၊ မဟာဘွဲ့ရ (၈၉) ယောက် မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် ၂၀၁၇ မှ ၂၀၂၄ ထိ အစိုးရဌာနတွင် လုပ်ကိုင်သူ (၆.၂၆)%၊ ကုမ္ပဏီတွင် လုပ်ကိုင်သူ (၂၃.၂၂)%၊ ဘဏ်တွင် လုပ်ကိုင်သူ (၁.၈၇)%၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူ (၁.၇၀)%၊ Small Business များတွင် လုပ်ကိုင်သူများ၊ နိုင်ငံခြားသွားသူများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်သူ (၆၆.၉၆)% ရှိနေပြီဖြစ်ကြောင်း၊ ဆရာ/ဆရာမ၊ ဝန်ထမ်းများအနေနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းကို လိုက်နာရန်နှင့် ရုံးချိန် စည်းကမ်းကို လိုက်နာရန် လိုအပ်ကြောင်း ၊ ရိုးသား၊ ကြိုးစား၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်ထားပြီး လုပ်ငန်းများလုပ်ဆောင်ရန်၊ စေတနာထားဆောင်ရွက်ရန်၊ Learn From Yesterday ၊ Live For Today၊Hope For Tomorrow အတိုင်း လိုက်နာကျင့်သုံးရန်၊ Cooperation၊ Collaboration၊ Communication၊ Creativity၊ Creative Thinking များကို သိရှိဆောင်ရွက်နိုင်ရန်၊ Head ၊ Heart၊ Hand၊ Hear၊ Hardworking များအတိုင်း ဆောင်ရွက်ရန်၊ reliance ၊ self-belief၊ Innovation များကို သိရှိထားရန်နှင့် Learn from winners in other spaces၊ Focus on smaller wins၊ Innovative new idea တို့ကို နားလည်ဆောင်ရွက်ရန် စသည့် skill များ လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ်ကျင်းပရာ ယခုတစ်နှစ်တာကာလအတွင်း ထူးချွန်ဆုများအဖြစ် ပါမောက္ခချုပ်မှ ပြည်သူ့ဝန်ထမ်းကောင်းဆု(၂)ဦး၊ (၃)နှစ်နှင့်အထက် ခွင့်မယူသည့် အရာထမ်း(၃)ဦး၊ ဒုတိယပါမောက္ခချုပ်(စီမံ)မှ (၃)နှစ်နှင့်အထက်ခွင့်မယူသည့် အမှုထမ်း(၃)ဦး၊ ၂၀၂၄ခုနှစ်အတွင်း မည့်သည့်ခွင့်မျှခံစားခြင်းမရှိသည့် အရာထမ်း(၆)ဦးနှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ ၂၀၂၄ခုနှစ်အတွင်း မည့်သည့်ခွင့်မျှ ခံစားခြင်းမရှိသည့် အမှုထမ်း(၈)ဦး၊ အရိုးသားဆုံးဆု(၃)ဦးဖြင့် စုစုပေါင်း (၂၅)ဦးတို့အား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် ပါမောက္ခချုပ် ဦးဆောင်သော အဖွဲ့နှင့် ဧည့်သည်တော်များမှ တက္ကသိုလ် ဈေးရောင်းပွဲတော်မှ ဆိုင်ခန်း (၁၀) ခန်းအား လှည့်လည်ကြည့်ရှုခဲ့ပြီး အားပေးခဲ့ကြပါသည်။
ဆက်လက်၍ ကံစမ်းမဲများဖွင့်ဖောက်သည့်အစီအစဥ်ကို ဆက်လက်ကျင်းပကာ နေ့လည် (၁၂း၃၀) တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်တည်ထောင်သည့် (၁၃)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်