သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၁.၂.၂၀၂၅) နေ့၊ နံနက်(၆း၀၀) နာရီအချိန်တွင် တက္ကသိုလ်တည်ထောင်သည့် (၁၃)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ပထမပိုင်း အစီအစဉ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံ/သင်တန်းနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများတို့မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူးများ၊ ဆရာ/မများနှင့် ဝန်ထမ်းများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားတွင်ရွှေသမားကျောင်းတိုက်ဆရာတော် အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့နှင့် တက္ကသိုလ်မိသားစုဝင်များမှ မုန့်ဟင်းခါးဆွမ်းဖြင့် ဦးစွာ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
၄င်းနောက် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပေးခြင်း၊ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်း အစရှိသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားပထမပိုင်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်း မိသားစုဝင်များအား မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်