Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


07 Feb,2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ အားကစား(အမျိုးသားဘောလုံး၊အမျိုးသမီးဖူဆယ်)ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၇.၂.၂၀၂၅)၊ ညနေ (၁၇:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများနှင့် ကျောင်းသား၊ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ 
အခမ်းအနားတွင် ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို ကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သည့် အချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေရန်၊ Team Work လုပ်ဆောင်မှု အလေ့အကျင့်ကောင်းများရရှိစေရန်၊ Communication ကောင်းများ ရရှိလာစေရန် နှင့် Friendship တိုးတက်လာစေရန်အတွက် ဖြစ်သည့်အတွက် ပြိုင်ပွဲတွင် အနိုင်မခံအရှုံး မပေးသောအားကစားစိတ်ဓါတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားမောင်မယ်များကို အထူးပင် ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း၊  တက္ကသိုလ်အဆင့်မှသည် ပြည်နယ်တိုင်း လက်ရွေးစင်များ၊ နိုင်ငံလက်ရွေးစင်များ ဖြစ်အောင် ကြိုးစားပြီး ၎င်းမှ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည်အထိ ဆက်လက် ကြိုးစားသွားကြရန်နှင့် အားကစားပွဲကို အစအလယ်အဆုံး စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ခဲ့သည့် အားကစားကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်အဖွဲ့နှင့်ဒိုင်အဖွဲ့များ၊ အားကစားပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ/ဆရာမများ၊ သင်တန်းရေးရာဌာန နှင့် စီမံရေးရာဌာနများမှ တာဝန်ရှိအရာထမ်း၊ အမှုထမ်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှာကြားခဲ့ပါသည်။ 
ထို့နောက် ပါမောက္ခချုပ်မှ အားကစားပွဲတွင် လိုအပ်သည်များ ကြီးကြပ်လမ်းညွှန်ပေးပါသော အားကစားနည်းပြ ဦးအေးကြူအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာမှ လည်းကောင်း၊ ဒုတိယဆုကို စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာမှ လည်းကောင်း ၊ တတိယဆုကို ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြုမေဂျာများမှလည်းကောင်းရရှိခဲ့ကြပြီး အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမဆုကို စာရင်းကိုင်နှင့်ဘဏ္ဍာရေး ပညာအထူးပြုမေဂျာမှ လည်းကောင်း ၊ ဒုတိယဆုကို ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြုမေဂျာများမှ လည်းကောင်း၊ တတိယဆုကို လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ လည်းကောင်း ရရှိခဲ့ကြပါသည်။ ဆက်လက်၍ ဆုရရှိသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် ပါမောက္ခဌာနမှူးများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်