Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ(TဝT)သင်တန်းဆင်းပွဲကျင်းပ


13 Feb,2025

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အရည်အချင်းပြည့်ဝသော သင်တန်းနည်းပြများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ(TဝT)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါဦးစီးဌာနရှိ Incubation Centre ကျင်းပရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီး ဌာနသည် ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်နေပြည်သူလူထု၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး နှင့် တစ်ဦးချင်းဝင်ငွေတိုးပွားရေးတို့အတွက် Vocational Training သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးခဲ့သည့် သံဂဟေ ဆက်နည်းပညာရပ်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်မှုလက်မှုလုပ်ငန်းများ၌ တွင်ကျယ် စွာ အသုံးပြုနေခြင်းကြောင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များသည် လက်တွေ့ လုပ်ငန်းခွင်တွင်လည်း များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် မိမိတို့၏ ရုံးဌာန နေရာဒေသများသို့ ပြန်လည်ရောက်ရှိသည့် အချိန်တွင်လည်း ဆက်လက် ကြိုးစားလေ့လာပြီး Vocational Training သင်တန်းများကို ပြန်လည် ဖွင့်လှစ်ပို့ချပေးရမည်ဖြစ် ကြောင်း၊ မိမိတို့၏ ပညာရပ်များကို အသုံးချပြီး လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေး မှူးချုပ်က သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်သင်တန်းသားတစ်ဦးအား ဂုဏ်ပြုဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယခု ဖွင့်လှစ်ခဲ့သော သင်တန်းတွင် ရုံးချုပ်မှ (၂)ဦး၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ရက်ကန်း နှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ခရိုင်ရုံးများမှ ဝန်ထမ်းသစ် (၁၀)ဦး စုစုပေါင်း သင်တန်းသား (၁၂)ဦးတို့အား သင်တန်းကာလအတွင်း လက်တွေ့ဆောင်ရွက်မှုများ အနေဖြင့် MS Flat ပြားနှင့် Hollow များအား ဖြတ်တောက်ပြီး ဝရိန် Position အလိုက် ဂဟေဆက်ခြင်း၊ Joint ဆက်ခြင်း၊ သံအထူ အပါးပေါ်မူတည်၍ မီးချိန်အနည်းအများကို စနစ်တကျလေ့လာစေခြင်းနှင့် ပစ္စည်းအမျိုး အစားပေါ်မူတည်၍ ဒီဇိုင်းဆွဲခြင်းတို့ကို လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်