သမဝါယမကောလိပ်၊တက္ကသိုလ်နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၏ ၁၅ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ၁၃-၂-၂၀၂၅ နေ့၊ နေ့လယ် ၁၂း၀၀နာရီ အချိန်တွင် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အငြိမ်းစားဆရာ/မကြီး (၄၄)ဉီး နှင့်ကျောင်းသား/သူဟောင်းများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ အခမ်းအနားကို မြတ်ဆရာသီချင်းဖြင့် ဦးစွာပူဇော်ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက် ပါမောက္ခချုပ် ဆရာမကြီးမှ သြဝါဒအဖွင့်အမှာစကားပြောကြားပေးရာ “ ကြွရောက်လာကြသော ဆရာ/မကြီးများနှင့် ကျောင်းသားဟောင်းများအား မင်္ဂလာပါဟု နှုတ်ခွန်းဆက်သပါကြောင်း၊ အခမ်းအနား ကျင်းပရသည့်ရည်ရွယ်ချက်မှာ ဆရာ/မကြီးများ၏ ကျေးဇူးတရားကို အောက်မေ့ပူဇော်ရန်၊ ဆရာ/မကြီးများ ပြန်လည်တွေ့ဆုံလျက် ပျော်ရွှင်မှုရရှိစေရန်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ သက်တမ်း(၁၃)နှစ်အတွင်း B.BSc ဘွဲ့ရ (၂၂၆၉)ဉီး၊ အထူးပြုဘာသာရပ်များအလိုက် ဘွဲ့ရဉီးရေ (၁၇၃၂) ဉီး၊ ဘွဲ့လွန်ဒီပလိုမာ (၅၂)ဉီး ၊မဟာဘွဲ့(၈၀)ဉီး မွေးထုတ်ပြီးဖြစ်ကြောင်း၊ ယခုနှစ်ဘွဲ့နှင်းသဘင်တွင် ပုံမှန်ဘွဲ့များ၊ဘွဲ့လွန်ဒီပလိုမာ နှင့် မဟာဘွဲ့ (၂၄၆)ဉီးတို့အား ဘွဲ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် Job Fair အခမ်းအနားများ နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း၊ လာရောက်ပူးပေါင်းသည့် company များလည်း များစွာရှိကြောင်း၊ လက်ရှိတက္ကသိုလ်ဓမ္မာရုံကို ပြုပြင်တည်ဆောက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် သုတေသနဂျာနယ် publication (၃၂)စောင်ထိ ထုတ်ဝေနိုင်ခဲ့ကြောင်း၊ သုတေသနဂျာနယ် Vol.11, No.1 ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ KOMYRA Research Journal Vol.12 တွင် ပါဝင်ဖတ်ကြားနိုင်ရန် တက္ကသိုလ်မှ စာတမ်း (၈) စောင် တင်သွင်းထားကြောင်း၊ (၁၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် သုတေသန စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များမှ စာတမ်း(၁၃) စောင်ကို ဖတ်ကြားခဲ့ကြောင်း၊ Korea Myanmar Research Association (KOMYRA) တို့အကြား နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ကိုရီးယားနိုင်ငံ Sunchon National University တွင်(၂၈.၈.၂၀၂၄)ရက်နေ့ မှ (၃၀.၈.၂၀၂၄) ရက်နေ့ထိ ကျင်းပပြုလုပ်သော 22nd ICDEC Joint Conferenceသို့ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တို့ တက်ရောက်ခဲ့ပြီး Sunchon National University နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်ရရှိရေး၊ သင်ကြားသင်ယူမှု မြင့်မားစေရေးတို့ အတွက်သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)တွင် သမဝါယမပညာဌာန၊ စာရင်းအင်းပညာဌာန၊ စီမံခန့်ခွဲမှုပညာဌာနနှင့် ဝါဏိဇ္ဇ ဗေဒဌာန တို့မှ ဦးဆောင်၍ LMS (online) စနစ်ကို အသုံးပြုပြီး HRD သင်တန်းများအား (၁.၆.၂၀၂၃) ခုနှစ်မှစ၍ ဖွင့်လှစ် ပေးလျက် ရှိရာ ယခုအခါ Batch(3)များကိုလည်း သတင်းစာတွင် ခေါ်ယူထားပြီး ဖြစ်ပါကြောင်း၊ ကျောင်းသား/သူဟောင်းများအား မှာကြားချက်အနေဖြင့် မိမိတို့ လုပ်ငန်းခွင်တွင် အလုပ် လုပ်သည့်အခါ ရိုးသား၊ ကြိုးစား၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် ထားပြီး လုပ်ငန်းများ လုပ်ဆောင်ကြရန်၊ စေတနာထား လေ့လာ ၊လေ့ကျင့် ၊လက်တွေ့ ဆောင်ရွက်ကြရန်လိုအပ်ကြာင်း၊ ဆုပေးစကားအနေဖြင့် (၃၈)ဖြာမင်္ဂလာမှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတရားတော်နှင့် ကိုက်ညီ၍ ပူဇော်ရသည့် အကျိုးအားကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံ ပါစေကြောင်း၊ ဆရာကြီး/ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကိုပူဇော်ကန်တော့ရသည့် အကျိုးအားကြောင့် မိမိတို့ဖြတ်သန်းရသည့် ဘဝတစ်လျှောက်လုံး အခက်အခဲမရှိ သာယာဖြောင့်ဖြူးပါစေကြောင်း နှင့် မိမိနိုင်ငံ အကျိုး၊ မိမိဒေသ အကျိုး၊ မိမိရပ်ကွက်အကျိုး၊ မိမိမိသားစုအကျိုး၊ဘာသာသာသနာ အကျိုးကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး ကပ်ကြီး(၃) ပါးကျော် လွှားနိုင်ပါစေကြောင်း” ဆုတောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကန်တော့ခံဆရာ/မကြီးများကို ကန်တော့ပစ္စည်းများဖြင့် ကန်တော့ခဲ့ပြီး ဤတက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော အငြိမ်းစား ဆရာကြီး ဉီးရဲမြင့်အောင် ၊ အငြိမ်းစား ဆရာမကြီးဒေါ်တင်စန်း၊ ဒုတိယ ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာမောင်မောင်ခင်တို့က ဆုပေးစကားများ ပြန်လည်ပြောကြားပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကာ အခမ်းအနားကို နေ့လည်(၂း၀၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်