သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တည်ထားကိုးကွယ်သော တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ အခမ်းအနားကို (၁၂.၂.၂၀၂၅)ရက်နေ့ နံနက်(၆:၃၀)အချိန်၌ တက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေး(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပင့်ဖိတ်ထားသည့် ရွှေသမားကျောင်းမှ သံဃာတော်အရှင်သူမြတ်များမှ တိလောကမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရားတွင် ဘုရားအနေကဇာတင်ခဲ့ကြပြီး တက္ကသိုလ်ဓမ္မာရုံတွင် သံဃာတော် အရှင်သူမြတ်များကို ကြာဇံဟင်းခါး ဆွမ်းနှင့် အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များထံမှ ကိုးပါးသီလေဆာက်တည်ပြီးနောက် လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ပြီးနောက် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ေပးခဲ့ကြပါသည်။
ထို့နောက် တက္ကသိုလ်ဓမ္မာရုံအတွက် ဘက်စုံပြုပြင် မွမ်းမံရန် အလှူငွေများ လှူဒါန်းခဲ့ကြသည့် အလှူရှင်(၃၃)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး သာဓု ခေါ်ဆို၍ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ပါသည်။
တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြာဇံဟင်းခါး၊ အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်