နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြုပွဲ၊ ပြိုင်ပွဲ၏ အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်ပြိုင်ပွဲအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားရာ MSME စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိပါကြောင်း၊ နိုင်ငံတော်ကလည်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကုန်ထုတ်လုပ်မှု ကွင်းဆက် (Supply Chain)တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်များကို အခြားဒေသမှ ဖြည့်ဆည်းပေးနိုင်စေရန်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်နေသည့် ဒေသတစ်ခု ထုတ် ကုန်တစ်ခု (OROP) အစီအမံ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်နှင့် MSME စီးပွားရေး လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်စေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးရန်စသည့် ရည်ရွယ်ချက် များဖြင့် ယခုလို ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြုပွဲ၊ ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။
မိမိတို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း Start Up လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Incubation Centre များဖွင့်လှစ်ပြီး နည်းပညာများ ဖြန့်ဖြူးပေး လျှက်ရှိပါကြောင်း၊ ထို့အပြင် ကျေးလက်နေပြည်သူများနှင့် မြို့ပြများရှိ အခြေခံလူတန်းစားများ အလုပ်အကိုင် ရရှိစေရေးအတွက် ရည်ရွယ်ပြီး ဝင်ငွေတိုးစီမံကိန်းကို စီမံကိန်း လုပ်ငန်း ခေါင်းစဉ်(၇)ခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းဖြင့် ကျေးရွာစုစုပေါင်း (၃၇၂) ရွာမှ စုစုပေါင်းလုပ်ငန်းရှင် (၁၈၆၀)ဦးကို လုပ်ငန်းထူထောင်ပေးနိုင်ခဲ့ ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်း တစ်ခုချင်းစီအလိုက် ကွားခြားချက်၊ ဈေးနှုန်းနှင့်အရည်အသွေး၊ ထုတ်ပိုးမှုပုံစံ၊ နည်းပညာပံ့ပိုးကူညီမှု၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှု စသည့် အခြေအနေများကို လေ့လာခွင့် ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ နောင်တွင်လည်း လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ဦးစီးဌာနနှင့် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့်လည်း လိုအပ်သည့် အကူညီနှင့် နည်းပညာပံ့ပိုးမှုများကိုလည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောြကားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်ဆု (စားသောက်ကုန်လုပ်ငန်း)အတွက် ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ က အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်ဆု (လူသုံးကုန်လုပ်ငန်းနှင့် လက်မှုလုပ်ငန်း)များ အတွက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးများက ပြိုင်ပွဲဝင် လုပ်ငန်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲဝင် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်