ပဲခူး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်သမဝါယမအသင်း လီမိတက်က ဆောင်ရွက်လျက်ရှိသည့် ဒေသကြက်၊ အသားတိုးကြက်မျိုးဖြစ်သည့် CP ကြက်၊ ဘဲနှင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဖြူးမြို့နယ်ရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်က စိုက်ပျိုးထားရှိသည့် ရေဆင်းစပ်မျိုး(၁) နေကြာ၊ မတ်ပဲ၊ နွေစပါးနှင့် ပိုက်ဆံလျှော်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ပဲခူးတိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၆ ရက်က သွားရောက်၍ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့နယ်ရှိ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်သမဝါယမအသင်းလီမိတက်သည် တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသကြက်ကောင်ရေ ၁၂၀၀ ခန့်ကို မွေးမြူ ထားရှိပြီး ဒေသကြက်မွေးမြူရေးလုပ်ငန်းကို တစ်နှစ်လျှင် သုံးကြိမ်မွေးမြူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့ပြင် အသားတိုးကြက်မျိုးဖြစ်သည့် CP ကြက်ကောင်ရေ ၂၅၀၀၀ ခန့်၊ ဘဲကောင်ရေ ၅၀၀၀ နှင့် ငါးမွေးမြူရေးကန် ၃၄ ကန်တွင် ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးမုတ်နှင့် ငါးတန်များကို အဓိက မွေးမြူဆောင်ရွက်လျက်ရှိသည်။ ထွက်ရှိလာသည့် ကြက်၊ ဘဲနှင့် ငါးများကို ပဲခူးမြို့နယ်အတွင်းရှိ အသင်းသားပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်