သန်လျင်၊ ဖေဖေါ်ဝါရီ ၁၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ နံနက် ၉:၀၀ နာရီ တွင် ဒက္ခိဏဆောင် မြက်ခင်းပြင်၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မြန်မာ့ရိုးရာအစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ အများနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်၊ ကိုယ်စီကျရာတာဝန်ယူလိုစိတ်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်စွာဖြင့် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး "UCMT စည်းလုံးမည်၊ UCMT ညီညွတ်မည်၊ UCMT အောင်ရမည်" ဆောင်ပုဒ်ကို ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်အတူတကွသံပြိုင်ရွတ်ဆို၍ ထမနဲထိုးပြိုင်ပွဲကို စတင် ခဲ့ပါသည်။ ထိုထမနဲထိုးပြိုင်ပွဲတွင် ပထမနှစ်ကိုယ်စားပြု စွယ်တော်အဖွဲ့၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြုမေဂျာကိုယ်စားပြု ပိတောက်အဖွဲ့၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု မေဂျာကိုယ်စားပြု သဇင်အဖွဲ့၊ အသုံးချစာရင်းအင်းပညာအထူးပြု မေဂျာကိုယ်စားပြု ဆောင်တော်ကူး အဖွဲ့၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာကိုယ်စားပြု ဇီဇဝါအဖွဲ့နှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာအထူးပြု မေဂျာကိုယ်စားပြု ပန်းကံ့ကော်အဖွဲ့၊ စုစုပေါင်းအဖွဲ့ (၆)ဖွဲ့တို့က ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲဝင်အဖွဲ့များအား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု မေဂျာကိုယ်စားပြု သဇင်အဖွဲ့အား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက လည်းကောင်း၊ ဒုတိယဆုရရှိသည့် စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ ကိုယ်စားပြု ပိတောက်အဖွဲ့အား ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်မြင့်မြင့်စိန်ကလည်းကောင်း၊ တတိယဆု ရရှိသည့် အသုံးချစာရင်းအင်း ပညာအထူးပြု မေဂျာကိုယ်စားပြု ဆောင်တော်ကူးအဖွဲ့အား စီမံရေးရာဌာနမှူး ဒေါက်တာဥမ္မာသန်း ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မပြတ် ကျင်းပ ပြုလုပ်လျက် ရှိသည့်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာဖြင့် စည်ကား သိုက်မြိုက်စွာ တက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်