သနပ်ပင် ဖေဖော်ဝါရီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးသည် ဖေဖော်ဝါရီ ၆ ရက်က သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် သနပ်ပင်မြို့နယ်အတွင်းရှိ သနပ်ပင်- စွံပိလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ရုံး တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လုပ်ငန်းတို့အား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပစ္စည်းတင်ဒါစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်