Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတနော်မြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


13 Feb,2025

ပန်းတနော် ဖေဖော်ဝါရီ ၁၁

         ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မရမ်း- ပိတောက်စု - ရုံးချောင်း - ကျုံ သနောင်-ကျုံသမျှင် ကျေးရွာချင်း ဆက်လမ်းကို Soil Stabilization Method ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် လုပ်ငန်းခွင်ကို ဖေဖော်ဝါရီ ၈ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ်က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

     ဆက်လက်၍ ယင်းကျေးရွာချင်းဆက်လမ်းအတွင်း လိုအပ်လျက်ရှိသည့် တံတားနှင့် ရေထုတ်ပြွန်များအား လိုက်လံစစ်ဆေးကြည့်ရှုရာ မအူပင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ပန်းတနော်မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) (တာဝန်)နှင့် QC အဖွဲ့များက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်