Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ


13 Feb,2025

လင်းခေး ဖေဖော်ဝါရီ ၁၂

            ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေအသုံးပြု၍ ဆောင်ရွက်သည့် ပုန်းထွန်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က အဆိုပါလမ်း၌ ကျင်းပသည်။

        ဦးစွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲမုခ်ဦးကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခေတ်သစ်ကြယ်တံခွန်ကုမ္ပဏီမှ စိုင်းကျိန်ဝမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ယာယီမဏ္ဍပ်၌ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး လင်းခေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ အဆိုပါ ပုန်းထွန်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ် အရှည် ၆ ဒသမ ၁၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၃၀၄ ဒသမ ၅၀၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းမြင့်မိုရ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်