မိုင်းဖြတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူ(ပေါ်) ကျောက်ချောလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါလမ်းသစ်ပေါ်၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်သည့် ကျောက်ချောလမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို အကျိုးပြုမည့်အခြေအနေများနှင့် လမ်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြား၍ ကျေးရွာနေပြည်သူ ဦးညွန့်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဟောင်ဟင်- နမ့်ကုန်း-အင်ပါကူ(ပေါ်) ကျောက်ချောလမ်းသစ်ကို ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုး၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ညီဝင်းထွန်းနှင့် ရပ်မိရပ်ဖ ဦးညွန့်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောက်ချောလမ်းသစ်ကို လှည့်လည်ကြည့်ရှုကြသည်။အဆိုပါလမ်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ၁၁၉ ဒသမ ၅ သန်းဖြင့် တင်ဒါအောင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး လမ်းအရှည် (၀/၆)မိုင်၊ အကျယ် ၁၈ပေ၊ ဒုခြောက်လက်မ ကျောက်ချောလမ်း အမျိုးအစားဖြစ်သည်။ ယခုအခါ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ဟောင်ဟင်၊နမ့်ကုန်း၊ အင်ပါကူ(ပေါ်)၊ မာကာကျေးရွာနှင့် အခြားကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်