Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်မှု ကွင်းဆင်းစစ်ဆေး


10 Feb,2025

ပုသိမ်ကြီး ဖေဖော်ဝါရီ ၈

            မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်နှင့် ပုသိမ်ကြီးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိုးခိုင်တို့နှင့်အတူ ပုသိမ်ကြီးမြို့နယ် အုန်းချော- ဆည်တော်- ဂိုက်တန်း လမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပြီးစီးမှုအပေါ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ယခင် အုန်းချော- ဆည်တော်- ဂိုက်တန်းလမ်းပေါ်ရှိ ကွန်ကရစ် တံတားသည် အရှည် ပေ ၄၀ ဖြစ်ရာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကမ်းကပ်ခုံနှစ်ဖက် ကျိုးကျပျက်စီးသွားခဲ့သဖြင့် ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု(မူလ) ရန်ပုံငွေကျပ် ၂၆၄ သန်းဖြင့် အရှည် ၁၈ ဒသမ ၂၉ မီတာရှိ ကွန်ကရစ်တံတားတစ်စင်းအား ပြန်လည် အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်