ဖျာပုံ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ရှမ်းကွင်းကြီးကျေးရွာ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဆင - ရှမ်းကွင်းကြီးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၆ ရက်က အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းက ပဆင- ရှမ်းကွင်းကြီးလမ်း ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီးဝန်ကြီး၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ လမ်းအရှည် ၀/၁ ဒသမ ၈၂ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မရှိ ပဆင- ရှမ်းကွင်းကြီး ကွန်ကရစ်လမ်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်