Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်လှစ်


11 Feb,2025

တောင်ကြီး ဖေဖော်ဝါရီ ၁၀

            ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နောက်လေကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

            ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်က ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လမ်းတံတားများနှင့် ကတ္တရာလမ်းသစ် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။

            ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများက လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

            ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ဘင်ခရာအဖွဲ့နှင့်ပန်းဖွားအဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ပြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကတ္တရာလမ်းသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

            ယင်းနောက် တာဝန်ရှိသူများကစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြ ကြကြောင်းသိရသည်။

(၄၀၅)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်