Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်


11 Feb,2025

ညောင်ဦး ဖေဖော်ဝါရီ ၁ဝ

            မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုဖြည့်စွက် ရန်ပုံငွေကျပ် ၁၉၂ ဒသမ ၆၅၈ သန်းဖြင့် ဆောင်ရွက်နေသည့် ဖျောက်ဆိပ်ပင် ကျေးရွာအဝင်လမ်း အရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၃လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၉၀ ဖြင့် ဆောင်ရွက်နေသည့် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာအဝင်လမ်း အရှည် ၁ မိုင် ၄ ဖာလုံ၊အကျယ် ၁၈ ပေ၊ ထု ၈ လက်မ ဂျင်းမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ အဆိုပါလမ်းပေါ်တွင် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေကျပ် ၆၃ ဒသမ ၇၅ သန်းဖြင့် အရှည် ၇၅ ပေ၊ အကျယ်ပေ ၂၀ ရှိ ကွန်ကရစ်ရေကျော် တည်ဆောက်နေမှုကို လည်းကောင်း၊ ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၂၀ ဖြင့် အရှည် ၅ ပေ၊ အကျယ် ၂၄ ပေရှိ Box Culvert နှစ်စင်း တည်ဆောက်နေမှုကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက လုပ်ငန်းများအားလုံးကို သတ်မှတ်ကာလအတွင်း ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားကြောင်း သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်