ဘားအံ၊ ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေ အသိပညာပြန့်ပွားရေးဟောပြောပွဲကို ပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က အရာထမ်း၊ အမှုထမ်း များအနေဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေနှင့် ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ကျင့်သုံးနိုင်စေရန်၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာနိုင်ရန်အတွက် ရည်ရွယ်၍ ဥပဒေအသိပညာ ပြန့်ပွားရေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်စွာဦးက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူး၊ ပြည်နယ်ရုံးဦးစီးအရာရှိများနှင့် မြို့နယ်သမဝါယမဦးစီးဌာန(တွဲဖက်)များ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းစုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်