နေပြည်တော် ဖေဖော်ဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားကုန်ထုတ်လုပ်များ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ညောင်ရွှေမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိပြီး ကျေးရွာရှစ်ရွာ၊ လူဦးရေ ၂၃၀၀ ကျော်တို့ကို အကျိုးပြုပေးနိုင်မည့် ပေါင်းပိုင်း-လက်မောင်းကွေး ကျေးရွာချင်းလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ ယာယီရှင်းလင်း ဆောင်၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါ သည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ ဒေသခံ ပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အခြေခံသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ တောင်သူ များ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင် နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်းမပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများ အကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသနှင့် ကိုက်ညီသော သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါမှသာ တောင်သူများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်းမြင့်မားလာစေမှာဖြစ်ကြောင်း၊ ကျေးရွာတောင်သူများကိုယ်တိုင်က မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမှာဖြစ်ကြောင်း၊ အများအကျိုး ရပ်ရွာအကျိုးအတွက် အသင်းသားများ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများ ကိုလည်း လိုက်နာရမှာ ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ “တေဇာထွန်း”နှင့် “ဆင်ဖြူတော်” စားသောက်ကုန်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း၌ တင်ပို့ရောင်းချနေမှု အခြေအနေများ၊ အကျိုးအမြတ်ရရှိမှု အခြေအနေများနှင့် အရင်းအနှီးလိုအပ်ချက် တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းရှင်များ စုပေါင်းပြီး သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက လိုအပ်သည့် အရင်းအနှီးများအား သက်သာသောအတိုးနှုန်းဖြင့် ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စားသောက်ကုန်များအား ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် သွားရန်နှင့် ဈေးကွက်ရရှိရေး ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။ အဆိုပါ စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ဒေသနေပြည်သူများ၏ ထွက်ကုန်များ အား စက်ရုံအတွက်လိုအပ်သည့် ကုန်ကြမ်းအဖြစ် တင်သွင်းနိုင်ခြင်း၊ စက်ရုံမှထွက်ရှိလာသော စားသောက်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့် စားသုံးနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲတွင် ပြသမည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်ပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြခန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်