Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ Chang Khaing Co.,Ltd မှ အလည်အပတ်ခရီးစဉ် လာရောက်လည်ပတ်ခြင်း


10 Feb,2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၇.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန် Conference Room ၌ ကိုရီးယားသမ္မတနိုင်ငံရှိ Gumi University, Bangneung Yeongdong University, Lee Gi Hong (Sequoia Group, CEO) ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါ‌မောက္ခချုပ်(စီမံ)၊ ဒုတိယပါ‌မောက္ခချုပ် (သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများနှင့် Mr. Lee Gi Hong (CEO, Sequoia Group), Mr. Chang Young Soo (ED, Chang Khaing Co.,Ltd), ဒေါ်အေးသန္တာခိုင် (MD, Chang Khaing Co.,Ltd)တို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် Mr. Lee Gi Hong (CEO, Sequoia Group), Mr. Chang Young Soo (ED, Chang Khaing Co.,Ltd) နှင့် ဒေါ်အေးသန္တာခိုင် (MD, Chang Khaing Co.,Ltd)တို့မှ အသီးသီးနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါ‌မောက္ခဌာနမှူးများမှ အသီးသီး မိတ်ဆက်ခဲ့ကြပြီးနောက် ပါ‌မောက္ခချုပ်မှ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပါသည်။ Mr. Lee Gi Hong (CEO, Sequoia Group), Mr. Chang Young Soo (ED, Chang Khaing Co.,Ltd) တို့မှ Bangneung Yeongdong University အကြောင်းကို မိတ်ဆက်ပြောကြားပြီးနောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်နှင့် တက္ကသိုလ်နှစ်ခု ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးတည်ဆောက်ရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ Mr. Lee Gi Hong (CEO, Sequoia Group), Mr. Chang Young Soo (ED, Chang Khaing Co.,Ltd) နှင့် ဒေါ်အေးသန္တာခိုင် (MD, Chang Khaing Co.,Ltd) တို့အား အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါ‌မောက္ခများ၊ဌာနမှူးများမှ Mr. Lee Gi Hong (CEO, Sequoia Group) ဦးဆောင်သော အဖွဲ့အား တက္ကသိုလ်၏ E Library, စာကြည့်တိုက်နှင့် စာသင်ခန်းများကို လိုက်လံ ပြသပေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်