Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ MSME ထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိ


09 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၉

          MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရုံသာ မကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီ ထုတ်ကုန်များ အဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေး ပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေး ရည်ရွယ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၄) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

          ပြိုင်ပွဲကျင်းပရေး ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်မကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုတိယ ဝန်ကြီး ဦးမြင့်စိုးက ဦးဆောင်ပြီး ပြိုင်ပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ဖေဖော်ဝါရီ ၇ ရက်မှ ၉ အထိ ကျင်းပလျက်ရှိသည်။

          အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား (Micro) ထုတ်ကုန်ဆု အတွက် ပြိုင်ပွဲဝင် လုပ်ငန်းရှင် ၂၉ ဦး၊ အငယ်စား(small) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၃၄ ဦး၊ အလတ်စား(medium) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင် လုပ်ငန်းရှင် ၂၈ ဦး၊ ဒေသတစ်ခု ထုတ်ကုန် တစ်ခု(OROP) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင် လုပ်ငန်းရှင် ၃၅ ဦး၊ ကုန်ထုတ် သမဝါယမအသင်း စွမ်းဆောင်ရည်ဆုအတွက် သမဝါယမအသင်း ၂၅ သင်း၊ အသေးစား စက်မှု လက်မှုထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင် လုပ်ငန်းရှင် ၄၂ ဦး စုစုပေါင်း (၁၉၃) ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

          ပြိုင်ပွဲအမျိုးအစား ၆ မျိုးအတွက် ဆု ၃၁ ဆု ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် လုပ်ငန်းရှင်များကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်  ပြိုင်ပွဲ ကျင်းပသည့် တပေါင်းကွင်း၌ ဆုချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်