Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ကုန်းကျေးရွာ ကုန်ထုတ်လမ်း ဖွင့်လှစ်


09 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၉

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သရက်ကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် (၁) မိုင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်ရ တာဝန်ရှိသူတစ်ဦးက ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးပြုကျေးရွာ၊ ဒေသ၏ စိုက်ပျိုးရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျောင်းကုန်းမြို့နယ်အတွင်း အဓိက စိုက်ပျိုးနေကြသော ဆန်စပါးနှင့် ပဲမျိုးစုံအပြင် ဆီထွက်သီးနှံ မြေပဲ နှမ်း နေကြာတို့ကိုလည်း တိုးချဲ့ စိုက်ပျိုးကြရေး၊ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ရရှိရေးအတွက် စိုက်ပျိုးရေးသမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်ကြရေး မှာကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆိုင်ရာများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန့်နေ့ ညနေပိုင်းကလည်း လေးမျက်နှာမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ ကားလမ်းမကြီးမှ ရွှေစေတီ (၁၀၀၀)နှင့် ချင်းလယ်ကျေးရွာသို့ သွားသောလမ်း ၁ မိုင် ၄ ဖာလုံ ပြုပြင်ဖောက်လုပ်ပေးရေး ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် စတင်တည်ဆောက်မည့် ပေ (၂၈၀) သံကူကွန်ကရစ်အမျိုးအစား သီတာချောင်းကူးတံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ကျေးရွာအုပ်စု (၇) အုပ်စုမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ တံတားတည်ဆောက်ပြီးပါက သီတာချောင်း အနောက်ဖက်ကမ်းတစ်လျှောက် ကျေးရွာအုပ်စု (၇) စုမှ ကျေးရွာများ၏ လူမှုစီးပွား ဘဝ မြင့်မားရေး၊ ပညာရေး ကျန်းမာရေး ကိစ္စများအပါအဝင် အဘက်ဘက်မှ တိုးတက်လာမည် ဖြစ်ကြောင်း၊ ယင်းသို့ အခြေခံကောင်းများ ရရှိရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း အထူးဂရုပြု ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ကျေးရွာအုပ်စု (၇) စုမှ ကျေးရွာသူကျေးရွာသားများ ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်