Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းမကြီးမှ ရွှေစည်းခုံစေတီတော်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီး


07 Feb,2025

ဝမ်းတွင်း ဖေဖော်ဝါရီ ၆

        ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စု(ဖြည့်စွက်) ဘဏ္ဍာရန်ပုံငွေဖြင့် ရန်ကုန်-မန္တလေး လမ်းမကြီးမှ ရွှေစည်းခုံစေတီတော်သွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာ လုပ်ငန်းများ ၅၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်သည်။

      အဆိုပါ ရန်ကုန်-မန္တလေးလမ်းမကြီးမှ ရွှေစည်းခုံစေတီတော်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်နှင်းနှင်းအိလှိုင်နှင့် ဝမ်းတွင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်လွင်အိဖြိုးတို့က သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးအတွက်ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။

မင်းမြင့်မိုရ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်