ဒေးဒရဲ ဖေဖော်ဝါရီ ၆
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် ပဆင - တညင်ကုန်း - သဲကုန်း - ကုန်းတန်း ကလေးကျေးရွာချင်းဆက်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာချင်းဆက် လမ်းပေါ်၌ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်းက ကွန်ကရစ်လမ်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်တို့က ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျေးရွာချင်းဆက် လမ်းအရှည် (၀/၂ ဒသမ ၅၇)မိုင် အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မကို ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သိဒ္ဓိအောင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်