တောင်ငူ ဖေဖော်ဝါရီ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း/ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိသည့် တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်း တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် ခရိုင်၊ မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများ၊ လုပ်ငန်းအရည်အသွေးကြီးကြပ်ရေးအဖွဲ့များနှင့်အတူ (Class A)အဆင့်လမ်းဖြစ်သည့် ရန်ကုန်- မန္တလေးလမ်းဟောင်းဖြင့် ချိတ်ဆက်ထားသော မင်းလမ်း-ငါးဖယ်အင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကံရိုး- ကောင်းမှုတော်လမ်း၏ စစ်တောင်း မြစ်ရေကြီးမှုကြောင့် ရေတိုက်စား၍ ပျက်စီးသွားသော ကျောက်လမ်းပိုင်းကို ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကြံတော - ဆူးတပ် - မွေရိုး- ကြို့ကုန်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်