Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိန္ဒု-ဇာသပြင်လမ်းမှ ‌ကော့တာမွန်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


06 Feb,2025

ဘားအံ ဖေဖော်ဝါရီ ၅

              (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Grace Khin ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကိုဆက်သွယ်ထားသော အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

         အကျယ် ၁၄ ပေရှိ ကွန်ကရစ်လမ်း ခြောက်ဖာလုံကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုအောင်ဆန်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။

       ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်လမ်းသည် စုစုပေါင်းအရှည် ၁ မိုင် ၃ ဒသမ ၅ဖာလုံရှိပြီး ကွန်ကရစ်လမ်းအဖြစ်ခြောက်ဖာလုံကို ဆောင်ရွက်ပေးနိုင်ခဲ့ရာ ကျန်ရှိသည့်လမ်းပိုင်း ၅ ဒသမ ၅ ဖာလုံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ ဖြစ်သည့်လမ်း၊ တံတားများကို ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြစေလိုပြီး အတူတကွပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

     ယင်းနောက်  ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ပဒိုအောင်ဆန်းက အမှာစကား ပြောကြားပြီး ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်