Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်ကော်မြို့၌ အသစ်ထပ်မံဖွဲ့စည်းသော သမဝါယမအသင်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ပံ့ပိုးငွေများ ထုတ်ပေး


05 Feb,2025

လွိုင်ကော် ဖေဖော်ဝါရီ ၅

 ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်း အသစ်ထပ်မံဖွဲ့စည်းသော နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့် မြရောင်ခြယ် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသို့ မတည်ပံ့ပိုးငွေကျပ် ၂၀ သန်း၊ ရက်ကန်းလုပ်ငန်း၊ ပရိဘောဂ လုပ်ငန်းနှင့် စက်ချုပ်လုပ်ငန်းများဆောင်ရွက်မည့် စည်းလုံးခြင်း စက်မှုလက်မှုကုန်ထုတ်သမဝါယမ အသင်းသို့ မတည်ပံ့ပိုးငွေကျပ် ၅၄ သန်းနှင့် သီးနှံရောင်းဝယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် အောင် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသို့ မတည်ပံ့ပိုးငွေကျပ် ၇၀ သန်း၊ စုစုပေါင်း သမဝါယမအသင်းသုံးသင်းသို့ မတည်ပံ့ပိုးငွေကျပ် ၁၄၄ သန်းအား ပေးအပ်ခဲ့သည်။ 

 ထိုသို့ သမဝါယမအသင်းသစ်များဖွဲ့စည်း၍ ရရှိလာသည့်မတည်ပံ့ပိုးငွေများအား အသင်း ဖွံ့ဖြိုးရေးအတွက် အသင်း၏စီးပွားရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုခြင်းဖြင့် မိသားစု ဝင်ငွေတိုးကာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။ 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်