Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ်သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်


05 Feb,2025

ရမည်းသင်း ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက် ပွဲကို ယမန်နေ့နံနက်ပိုင်းက ရမည်းသင်းမြို့နယ်သမဝါယမအသင်းစု၊ သက်တံ့ရောင်အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှုဆောင်သစ်များရွေးချယ်ရာတွင် သဘာပတိအဖြစ် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ရမည်းသင်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်းပေါင်း (၂၆၉) သင်းရှိပြီး အသင်းသားများ၏အကျိုးကို အလေးထားကြစေ ရေးနှင့် မြို့နယ်သမဝါယမအသင်းစုကိုလည်း အသင်းဥက္ကဋ္ဌများမှ အမှုဆောင်းများကို ပွင့်လင်း မြင်သာစွာ ရွေးချယ်ပေးကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် အသင်း ဥက္ကဋ္ဌများမှ အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြောက်ခဲ့ရာ သဘာပတိက အတည်ပြုကြောင်း ကြော်ငြာသည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပရာ သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်သမဝါယမဦးစီးမှူး ဦးထွန်းထွန်းနိုင်က အခြေခံသမဝါယမအသင်းသားများ အကျိုးခံစားမှုကို ရှင်းလင်ပြောကြားကာ အမှုဆောင် ဒါရိုက်တာ အဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများကို ဦးလှစိုးမှ လည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ ဦးလှသွင်မှ ဖတ်ကြားရှင်းလင်း တင်သွင်းခြင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဦးအောင်မြသင်းမှ ဖတ်ကြားတင်သွင်းရာ အသင်းသားများ၏ သဘောတူညီချက်ဖြင့် သဘာပတိက အတည်ပြုချက်ရယူသည်။

ထို့နောက် တက်ရောက်လာသည့် အသင်းသားများ၏ အသင်းကောင်းကျိုးအတွက် အကြံပြုချက်များ၊ မေးမြန်းချက်များအား လက်ခံဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်