ဘားအံ ဖေဖော်ဝါရီ ၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘားအံ-လှိုင်းဘွဲလမ်းမကြီး၊ မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး- ကော့ထော်လမ်း၊ မိဇံ-ကော့ကူး- ပေါ့ထော်-နောင်ကမြိုင်လမ်းတို့နှင့်ချိတ်ဆက်ထားသည့်လှာကမြင်ကျေးရွာအုပ်စု ပါရမီတံတားအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈နာရီက အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၄၇ ဒသမ ၉၁၆ သန်းဖြင့် ရွှေဖားစည်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော အကျယ် ၁၄ ပေ၊ အရှည် ၁ မိုင်/ သုည ဒသမ ၃ ဖာလုံရှိ ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင်ပါဝင်အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာလမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက်ကျေးလက်လမ်း ကွန်ရက်များအသုံးပြု၍အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်း၊စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊စက်မှုလက်မှု ထုတ်ကုန်များကိုကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့အမြန်ဆုံးရောက်ရှိ၍ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းကို အထောက်အကူပြုစေ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်