Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထမ္မနိုင်-ကျွဲလူးအိုင်တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


03 Feb,2025

ကော့မှူး ဖေဖော်ဝါရီ ၂

    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံး ငွေရင်း) ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေပြီးထွက်ကုန်များ အချိန်နှင့်တစ်ပြေးညီ ဈေးကွက် သို့ရောက်ရှိစေရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထမ္မနိုင်-ကျွဲလူးအိုင်တံတား ပေ ၆၀ တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက် တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

   ထိုသို့ စစ်ဆေးရာ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးအေးခိုင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တံတားတည်ဆောက်နေမှုမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ကျော်သူရ(ကော့မှူး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်