သာစည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးများစွာရွာသွန်းခြင်းနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် မုံပင်ကျေးရွာတွင်တည်ရှိသော အရှည် ပေ ၁၂၀၊ အကျယ် ခြောက်ပေရှိ မုံပင် – သဲလုံးချောင်းလူကူးတံတားကြမ်းခင်းများ ပြတ်ထွက်ပြီး ရေစီးနှင့် မျောပါမှုများဖြစ်ခဲ့ရာ သွားလာမှုလမ်းကြောင်း ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံးပြန်လည်ပြုပြင်ခဲ့ရာ ပြန်လည်ပြုပြင်ပြီးစီးမှုကို ဇန်နဝါရီ ၃၁ ရက်တွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တံတားပြုပြင်ပြီးစီးမှုကို တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့ ကွင်းဆင်းကြည့်ရှုရာ သာစည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)က ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်