Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးတွင် နွေစပါးစိုက်ပျိုးမည့် သမဝါယအသင်းသားတောင်သူများအား သွင်းအားစုများပေးအပ်


04 Feb,2025

ကော့မှူး ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး သွင်းအားစုများပေးအပ်ပွဲကို ကြာကန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုထွေးနှင့်တာဝန်ရှိသူများက အသင်းသားတောင်သူများထံ သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးစိုက်ပျိုး မည့်အသင်းနှစ်သင်း အသင်းသား(၆၁)ဦး စိုက်ပျိုးဧက(၆၇၀)ဧကအတွက် ပံ့ပိုးငွေကျပ် (၁၃၄.၀၀)ကျပ်သန်းနှင့်ညီမျှသော သွင်းအားစုများအား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်