နေပြည်တော်၊ ဖေဖော်ဝါရီ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာန၏ Vision ၊ Mission နှင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ဝန်ထမ်း တစ်ဦးချင်းစီအလိုက် စွမ်းဆောင်ရည်ရှိနေစေရန်ရည်ရွယ်၍ အမှုထမ်းသစ်များလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဌာနပဲ ရောက်ရောက် ရုံးလုပ်ငန်းများနှင့် ကင်းကွာ၍ မရနိုင်သလို မိမိတို့အဖွဲ့စည်း/ဌာန တိုးတက်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိနေရန် လိုအပ်ပါကြောင်း၊ မတူညီသည့် ပတ်ဝန်းကျင်၊ မတူညီ သည့် လူများနှင့် ပေါင်းစပ်ဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် အချင်းချင်းပူးပေါင်း ဆောင်ရွက် တတ်သည့်စိတ်သည်များစွာအရေးကြီးပါကြောင်း၊ ဝန်ထမ်းအသစ်များ အနေဖြင့် ဌာနတွင် မူလ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းဟောင်းများဆီမှ သင့်ယူသင့်သည်များကို သင်ယူကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနရှိ လုပ်ငန်းများသည် တစ်ခုနှင့်တစ်ခု၊ တစ်ဌာနနှင့်တစ်ဌာန ဆက်စပ်မှုရှိပြီး အချင်းချင်း ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရခြင်းများ ရှိပါကြောင်း၊ ဌာနတစ်ခုတည်းကပဲ အောင်မြင်နေ၍ မဖြစ်သလို ဝန်ထမ်းတစ်ဦးတည်းကပဲ တော်နေတတ်နေရုံဖြင့် ဌာန၏ Mission ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ဌာနအားလုံးဖြင့်သော် လည်းကောင်း၊ ဝန်ထမ်းအချင်းချင်းသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေရာ၊ ဌာန၊ အမည်နှင့် လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းတာဝန်မျာကို သင်တန်းသား တစ်ဦးချင်းစီအလိုက် မိတ်ဆက်ရှင်းလင်းပြောကြား ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် ခေါင်းဆောင်မှု၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန် ထက်မြက်သည့် ဝန်ထမ်းကောင်းဖြစ်စေရန် စွမ်းဆောင်ရည်မြင်တင်ရေး၊ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်း ဥပဒေများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ် များကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူး များက ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်