Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ


03 Feb,2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနားကို Theater I ၌ (၃၀.၁.၂၀၂၅)ရက်နေ့ နံနက်(၉း၁၅)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ (စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန)များမှ ဌာနမှူး များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၁၁၆)ဦး စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် “ယခင်နှစ် (၃.၄.၂၀၂၄)ရက်နေ့တွင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၂၂၆)ဦးအား ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်‌သူ့စစ်မှုထမ်းဥပ‌ဒေအား အကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်အမှန်များ သိရှိနိုင်စေရန်၊ အစိုးရဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးမှုများ ၊ Social Media များတွင် လက်တလော ဖြစ်ပေါ်နေသော ကောလဟာလ သတင်းများကို ရှင်းလင်းစွာ သိမြင်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဝန်ထမ်းမှုဆိုင်ရာအခြေခံသင်တန်း (အမှုူထမ်း)များတွင်လည်း ဥပဒေပညာနှင့်ပတ်သက်သော အသိပညာများကို ထည့်သွင်း သင်ကြားပေးလျက် ရှိပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ဥပ‌ဒေအသိပညာပေး ဟောပြောပွဲတွင် ဟောပြောပေးမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိသင့်သိထိုက်သော အသိပညာများ၊ ဆောင်ရန် ရှောင်ရန်များကို ဆရာ/ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် လေ့လာမှတ်သားပြီး သိရှိလိုက်နာ ဆောင်ရွက် သွားကြပါရန်” မှာကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခဌာနမှူး(ဥပဒေပညာဌာန)မှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီးနောက် နံနက်(၁၁း၃၀) နာရီအချိန်တွင် အခမ်းအနား ‌အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်