Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲကျင်းပပြုလုပ်


31 Jan,2025

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲကျင်းပပြုလုပ်
 
နေပြည်တော် ဇန်နဝါရီ ၃၁
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၃၀ရက်နေ့ နံနက်၁၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေ့ဦးစွာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းမှ အဖွင့်အမှာ စကားပြောကြားသည်။
 
ဆက်လက်၍ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက လယ်ယာမြေ ဥပဒေအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက နိုင်ငံဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းမှ ဌာနနှင့်သက်ဆိုင်သော ဥပဒေဆိုင်ရာ ကောက်နုတ်ချက်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေဆိုင်ရာအချက် အလက်များအားလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကြည်စောက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာမြင့်က နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ကြောင်းသိရသည်။
 
 
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်