ပင်းတယ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ် ပွေးလှဈေးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၉ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပင်းတယမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ထွေးနှင့် အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်အိအိခိုင်တို့က ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
အဆိုပါ ပွေးလှဈေးလမ်း ကတ္တရာလမ်း အရှည်မှာ ၁/၃ ဒသမ ၄၈ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု သုံးလက်မရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရန်ပုံငွေ ၈၆ ဒသမ ၃၂၁ ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ခဲ့ပြီး လမ်းပြီးစီးမှုမှာ ရာခိုင်နှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်